Local News

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော သရက်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန်မှ ဝင်ငွေရသည့်သရက်ပြင်

Last Updated:

မအူပင်ခရိုင်၊ မအူပင်မြို့နယ်များတွင် စိုက်ပျိုးရေးပြုလုပ်ကြသလို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများစွာရှိသည့်အပြင် သရက်သီးစိုက်ပျိုးခြင်းမှ သရက်ပြင်ထုတ်လုပ်သည့်လုပ်ငန်းများလည်းရှိသည်။ ရာသီပေါ်ချိန်တွင် သရက်ပြင် ပိုမိုထုတ်လုပ်ထွက်ရှိပြီး နှစ်တစ်ပါတ်လည်နီးပါး သိုလှောင်ထုတ်လုပ်ရောင်းချကြောင်း သိရသည်။ သရက်ပြင်ခေါ် သရက်ပြားကို မန္တလေးရင်ကွဲသရက်သီးဖြင့် ပြုလုပ်ပြီး သရက်သီးများကို ကျေးရွာဒေသများမှ လိုက်လံဝယ်ယူပြီး သရက်သီးအမှည့်ကို အိုးဖြင့်ကျိုကာ အနှစ်များ ပြစ်ခဲသည်အထိ ကျိုချက်၍ လင်ဗန်း၊ စတီဗန်းများတွင် ဆီသုတ်လိမ်း၍ ဖြန့်ဖြူးကာ နေရောင် ၃ ရက်ခံ၍ အခြောက်ခံကာ အသင့်စားသောက်နိုင်သော သရက်ပြင်ကိုရရှိသည်။ မိုးတွင်းကာလတွင် နေရောင်မရပါက မီးမပူကြက်တိုက်၍ အခြောက်ခံကြောင်း သိရသည်။ ယခင်နှစ် မေလက ပြုလုပ်သော သရက်ပြင်များကို ၁၀အတွင်း သန့်ရှင်းသပ်ရပ်စွာထုတ်ပိုး၍ ရောင်းချရသည်။ သရက်သီးပေါ်ချိန်တွင် သရက်ပင်များမှ အပင်ပြတ်ဝယ်ယူ၍ သရက်သီးအမှည့်ခံကာ သရက်ပြင်ပြုလုပ်ကြသည်။ မအူပင်မြို့တွင် သရက်ပြင်ထုတ်လုပ်သူ (၃၀)ဦးလောက်ရှိကြောင်း ယနေ့သရက်ပြင် ဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင်  ငွေကျပ် ၁၅၀၀၀/-နှုန်းဖြင့် ဈေးကောင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ သရက်ပြင်လှိုင်လှိုင်ထွက်ပေါ်ပါက အနည်းငယ်လောက်သာ ကျဆင်းနိုင်ကြောင်း ယခင်နှစ် သရက်ပြင်ရောင်းဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ပြီး သရက်ပြင်ဈေးမှာ ဈေးကောင်း၍ ဝယ်ယူသူများပြားကြောင်း လက်ဆောင်ပေးရန်၊ မိသားစုစားသုံးရန်အတွက် ဝယ်ယူကြကြောင်း သိရှိရပသည်။

DOCA(ဧရာဝတီ)
source: https://www.doca.gov.mm

Category: Local News