Local News

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဧရာပဒေသာစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဧရာပဒေသာစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြောင်းမြမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ဧရာပဒေသာစပါးတင်းရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ဧရာပဒေသာစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့တစ်လအတွင်း ဧရာပဒေသာစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ဒီဘက်က လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေတာပါ။ ဧရာပဒေသာစပါးက အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အကြမ်းဆိုပေမဲ့လူတန်းစားမရွေးကြိုက်နှစ်သက်ပြီး စားလို့ကောင်းတဲ့စပါးဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်ကဝယ်ယူမှုများနေလို့ တင်ပို့မှုအားကောင်းခဲ့တာဖြစ်ပါတယ်” ဟု မြောင်းမြမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။ မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ဧရာပဒေသာစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၅၅၀၀၀ ထိ ဈေး ပေါက်နေကြောင်း၊ တင်ပို့ရောင်းချခဲ့သည့် ဧရာပဒေသာစပါးများမှာ အရည်အသွေးကောင်းမွန်ကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News