Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်(အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ချုပ်ပြီးအဝတ်အထည်(CMP)၊ပီလောပီနံ(အခြောက်)၊ မြေပဲ(အခွံပါ)၊ ငရုတ်(အစို)နှင့် ငါးမျိုးစုံတို့တင်ပို့ခဲ့ပါသည်။ ၂-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်(အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ချုပ်ပြီးအဝတ်အထည်(CMP)၊ပီလောပီနံ(အခြောက်)၊ မြေပဲ(အခွံပါ)၊ ငရုတ်(အစို) နှင့် ငါးမျိုးစုံတို့ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁) တန်လျှင် (၄၀၈.၈၄)ဒေါ်လာဖြင့် (၅၁၁.၂၀၀)တန်၊ (၀.၂၀၉) ဒေါ်လာသန်း ၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၄၈၆.၀၈)ဒေါ်လာဖြင့် (၁၂၃.၈၁၆)တန်၊ (၀.၈၁၄)ဒေါ်လာသန်း၊  သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင်(၂၀၀၀)ဒေါ်လာဖြင့် (၆၄)တန်၊ (၀.၀၂၈)ဒေါ်လာသန်းနှင့် ချုပ်ပြီးအဝတ်အထည်(CMP) (၁)တန်လျှင်(၄၇၈၂၆.၀၉)ဒေါ်လာဖြင့်(၀.၉၂)တန်၊ (၀.၀၄၄)ဒေါ်လာသန်း၊ ပီလောပီနံ(အခြောက်) (၁)တန်လျှင် (၁၄၂.၈၆)ဒေါ်လာဖြင့် (၂၈၀)တန်၊ (၀.၀၄၀)ဒေါ်လာသန်း၊ မြေပဲဆံ(အခွံပါ) (၁)တန်လျှင် (၅၅၅.၈၆)ဒေါ်လာဖြင့် (၂၈.၇၈၄)တန်၊ (၀.၀၂၇)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၃၁.၇၈)ဒေါ်လာဖြင့် (၄၈.၂၂၅)တန်၊ (၀.၀၁၆)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ (၁)တန်လျှင် (၃၃၃၃.၃၃)ဒေါ်လာဖြင့် (၂.၇)တန်၊ (၀.၀၀၉)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

၂-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၀၅)ဒေါ်လာသန်း၊ ထုတ်ပိုးပစ္စည်းများ (၀.၀၇၇)‌ဒေါ်လာသန်း၊ သွားတိုက်ဆေးများ (၀.၀၅၇)ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၀၅၃)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း(၀.၀၃၉)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၀၃၃)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၀၂၅)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၁၀)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၁၀) ဒေါ်လာသန်းနှင့် သုတ်ဆေးပေါလစ်များ (၀.၀၀၉)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၇၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၂၃၂)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃.၁၀၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News