International News

စက်မှုထုတ်ကုန်များ ရေရှည်ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲနိုင်မှုအတွက် တရုတ်နိုင်ငံသည် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်တော့မည်

Last Updated:

တရုတ်နိုင်ငံသည် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရန် လျှပ်စစ်မော်တော်ကားအပါအဝင် စက်မှုထုတ်ကုန်များ ရေရှည်ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲနိုင်မှု(green industry) အတွက် တရုတ် - အီးယူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုံးစုံသဘောတူညီချက် (China - EU Comprehensive Agreement on Investment) ကို ဆောလျင်စွာ လက်မှတ်ရေးထိုးခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို မျှော်လင့်ကြောင်း တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအရ သိရှိရပါသည်။ တရုတ်နှင့် ဥရောပတို့သည် အရေးပါသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးမိတ်ဖက်များဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အပြန်အလှန်အားသာချက်များနှင့် အကျိုးခံစားခွင့်များ ရှိကြကြောင်း၊ တရုတ်နှင့်ဥရောပ သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် နှစ် ၅၀ ပြည့်ပြီဖြစ်ကြောင်း၊ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပေကျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wang Wentao ကလည်း ဥရောပ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် Mercedes-Benz Group ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Ola Kallenius နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗွီဒီယိုကွန်ဖရန့်တွေ့ဆုံပွဲတွင် ဥရောပမော်တော် ကားလုပ်ငန်းအပေါ် တရုတ်က ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး နှစ်ဖက်ကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း၊ တရုတ်အနေဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအပေါ် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး ဥရောပဘက်မှ စက်မှုလုပ်ငန်းများ၏ ဆန္ဒများကိုနားထောင်ပြီး  ရလဒ်ကောင်းများရရှိစေရေး နှစ်ဖက်ညှိနှိုင်းမှုကို အားပေးရန်နှင့် လက်တွေ့ကျသော လုပ်ရပ်များ ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်ဟု chinadaily သတင်းစာက ဖော်ပြထား ပါသည်။ 

Source: www.chinadaily.com.cn 

Source: https://commerce.gov.mm/my

Category: International News