Local News

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဈေးကောင်းနေသော သံပုရာသီးဈေးကွက်

Last Updated:

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ထားဝယ်မြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၄၀ဝိ/-) မှ(၅၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး သံပုရာဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့်အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရှိရပါသည်။ 

Source: https://www.doca.gov.mm

Category: Local News