Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံ ဈေးကွက်/ဈေးနှုန်း အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလပထမပတ်အတွင်း ပဲမျိုးစုံ တစ်ပိဿာဈေးနှုန်းမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၈၀၀ကျပ်၊ ပဲပုပ် ၂၈၀၀ကျပ်၊ ပဲလွန်းမဲ ၂၈၀၀ကျပ်၊ ပဲတီစိမ်းရွှေဝါ ၃၅၀၀ ကျပ်၊ မတ်ပဲ ၄၅၀၀ ကျပ်၊ ပဲနောက် ၂၉၀၀ ကျပ်၊ မြေပဲဆံ ၇၂၅၀ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ်၊ ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာပဲရောင်းဝယ်ရေးလုပ်ငန်းနှင့် ကမ်းနားလမ်းရှိ ရွှေကံထူးပွဲရုံတို့မှ သိရပါသည်။ ဧပြီလ နောက်ဆုံးပတ်တွင် ပဲမျိုးစုံ တစ်ပိဿာဈေးနှုန်းမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၈၀၀ ကျပ်၊ ပဲပုပ် ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၂၈၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၃၅၀၀ ကျပ်၊ မတ်ပဲ ၄၂၀၀ ကျပ်၊ ပဲနောက် ၃၀၀၀ ကျပ်၊ မြေပဲဆံ ၆၉၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ်၊ ဈေးရှိကြောင်းသိရသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်း တည်ငြိမ်နေပြီး မတ်ပဲ၊ ပဲနောက်နှင့် မြေပဲဆံဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဈေးကွက်စုံစမ်းမှုများအရ သိရှိရသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News