Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂၀.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၂.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ မတ်လ(၄)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၅.၃၈၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၇) ဒေါ်လာသန်း၊ စုစုပေါင်း(၆.၁၄၂)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၇.၂၉၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

မတ်လ(၄)ရက်အတွင်း ပို့ကုန် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ မြေပဲဆံ၊ ပဲယင်း၊ မကျည်းသီး(အစေ့ပါ) နှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မတ်လ(၃)ရက်မှ မတ်လ(၄)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၂၀၀) တန်၊ တန်ဖိုး (၂.၁၅၁) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၄၁၂) တန်၊ တန်ဖိုး (၀.၁၁၅) ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၁၇၀) တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၂၄၅)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ မြေပဲဆံ တန်ချိန် (၁၀၃) တန်၊ တန်ဖိုး (၀.၁၅၆) ဒေါ်လာသန်း၊ ပဲယင်း တန်ချိန် (၇၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ မကျည်းသီး(အစေ့ပါ) တန်ချိန် (၃၃.၅) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တန်ချိန် (၆၂၄) တန်၊ တန်ဖိုး(၀.၀၆၂)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၅၁.၆၀) တန်၊ တန်ဖိုး (၀.၁၁၀)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၂၆.၀၀) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၄၂.၇၀) တန်၊ တန်ဖိုး (၀.၀၄၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News