Local News

ကရင်ပြည်နယ် ဘားအံခရိုင်၏ မတ်လပထမပတ် စပါး/ဆန် ဈေးနှုန်းအခြေအနေ

Last Updated:

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း စပါး/ဆန် ဈေးနှုန်း များမှာ မနောသုခစပါး(သစ်) တင်း (၁၀၀)လျှင် ၂,၃၀၀,၀၀၀ ကျပ်ဖြစ်ပြီး၊ သထုံပေါ်ဆန်းဆန်သစ် (၂၄) ပြည် တစ်အိတ်လျှင် ၁၂၄,၈၀၀ ကျပ်၊ မနောသုခဆန်သစ် (၂၄) ပြည် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ် အသီးသီးဖြစ်ကာ ဘားအံမြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့မှ ဆန်အိတ်ရေစုစုပေါင်း ၁၄၀၀၀ အိတ်ခန့် စီးဝင်ကြောင်းနှင့် ကရင်ပြည်နယ်မှ ထွက်ရှိသောစပါးအချို့မှာ ပဲခူးတိုင်းဒေသကြီးသို့ စီးထွက်မှုရှိပါကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News