International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်ဈေးနှုန်းများကို ပုံသေသတ်မှတ်မည်

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် သီးနှံရာသီအလိုက် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ်မူတည်၍ ဆန်အမျိုးအစားအလိုက် စျေးနှုန်းများသတ်မှတ်ခြင်းကို ဘင်္ဂါလီပြက္ခဒိန်အရ နှစ်သစ်ကူး ကာလဖြစ်သော ယခုနှစ် ဧပြီလ ၁၄ ရက်နေ့မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ဆန်စက်လုပ်ငန်းအဆင့်၊ လက်ကားရောင်းဝယ်မှုအဆင့်နှင့် လက်လီရောင်းချမှုအဆင့်များ အပါအဝင် ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဆန်ဈေးနှုန်းများ သတ်မှတ်ရေးမူဘောင်တစ်ခုကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊  ဈေးနှုန်းများနှင့်စပ်လျဉ်း၍ အပြီးသတ်ဆုံးဖြတ်မည့်  အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပပြီးချိန်တွင် စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဝန်ကြီးဌာနများက အသိပေးထုတ်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ahsanul Islam Titu က ပြောကြားခဲ့ပါသည်။

အတွင်းဝန်ရုံးတွင် ပြုလုပ်သည့် နေ့စဉ်မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ၏ စျေးနှုန်းနှင့် ဈေးကွက်အခြေအနေဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီး Titu က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း United News of Bangladesh (UNB) သတင်းဌာနက ဖော်ပြသည်။

အစိုးရသည် နေ့စဉ်လိုအပ်သော အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သင့်တင့်သော အဆင့်တွင် ထိန်းသိမ်းထားနိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍတွင် စိန်ခေါ်မှုများရှိနေသော်လည်း ရာမာဒန် ဥပုသ်ကာလကုန်ဆုံးချိန်တိုင်အောင် ဈေးနှုန်းများကို ထိန်းထားနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်တွင် ၂၅% မြင့်တက်ခဲ့သော်လည်း ပြည်တွင်းဈေးကွက်၌ မြင့်တက်မှုမှာ ၄% ထက် မပိုကြောင်း ဝန်ကြီး Titu က ပြောကြားခဲ့သည်။

Source: The Financial Express, 31 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News