Local News

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများမြင့်တက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဧပြီလ(တတိယပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၇၀၀၀-၁၀၀၀၀) များဖြင့်လည်းကောင်း၊ ဧပြီလ(စတုတ္ထပတ်)တွင် ငွေကျပ်(၅၀၀၀-၆၀၀၀)များဖြင့်လည်းကောင်း၊ မေလ (ပထမပတ်)တွင် ငွေကျပ် (၉၀၀၀-၁၁၀၀၀)များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်းအထွက်နှုန်း တိုးသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ  ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News