Local News

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၅၃၀-၈၇၃၀)၊ နှမ်းနီ(၁)ပိဿာလျှင် ကျပ် (၇၆၇၀-၇၈၀၀)၊ နှမ်းနက်(စမုံ)(၁)ပိဿာလျှင် ကျပ်(၈၅၃၀-၈၆၇၀)၊ မြေပဲဆီဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၄၆၀၀-၅၁၀၀)၊ ပဲတီစိမ်း(၁)ပိဿာလျှင် ကျပ်(၃၆၀၀-၃၆၅၀)၊ ပဲနှောက်(၁)ပိဿာလျှင် ကျပ်(၂၇၅၀-၂၉၀၀)၊ ပဲလွန်ဝါ (ကြီး) (၁)ပိဿာလျှင် ကျပ်(၃၀၅၀)၊ ကုလားပဲ(၁)ပိဿာလျှင် ကျပ်(၄၁၈၀-၄၂၄၀)၊ မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၅၀၃၀)၊ ပဲစင်းငုံနီ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ စားတော်ပဲ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းနီ ကျပ်(၁၃၀)၊ မတ်ပဲ ကျပ်(၂၈၀)၊ ပဲစင်းငုံ(နီ) ကျပ်(၃၅၀)၊ ကုလားပဲ ကျပ်(၁၀၀)၊ မြေပဲဆီဆံ(အောက်ကျ) ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ပဲလွန်းဝါကြီး ကျပ်(၁၁၀) ဈေးလျော့ကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၆၃၂)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ကုလားပဲ(၁)ပိဿာလျှင် ကျပ်(၃၈၅၀-၄၁၃၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၁၃၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန် (၅၀.၉၈) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက်(၁)ပိဿာလျှင် ကျပ်(၇၇၈၀-၈၄၄၅)၊ ရိုးရိုးနှမ်းနက်(၁)ပိဿာလျှင် ကျပ်(၇၅၅၅)၊ နှမ်းနီ(၁)ပိဿာလျှင် ကျပ်(၇၅၅၅)၊ နှမ်းဖြူသန့်(၁)ပိဿာလျှင် ကျပ်(၇၇၈၀)၊ ပဲစင်းငုံနီ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ ကုလားပဲ (မြကြေး) (၁)ပိဿာလျှင် ကျပ် (၄၄၅၀)၊ ကုလားပဲ (ဟော်လန်) (၁)ပိဿာလျှင် ကျပ်(၄၁၇၅)၊ ပဲကြီး(သစ်) (၁)ပိဿာလျှင် ကျပ်(၄၇၅၀-၄၉၅၀)၊ မြေပဲဆီဆံ (နီ)(၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၃၀၀)၊ မြေပဲဆီဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၆၀၀-၆၇၀၀)၊ မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၄၉၀၀)၊ ဝါ(၁)ပိဿာလျှင် ကျပ်(၂၇၀၀-၂၈၀၀)၊ ဘိုကိတ်ပြာ(၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ပဲစင်းငုံ (နီ) ကျပ်(၄၅၀)၊ ဘိုကိတ်ပြာ ကျပ်(၁၀၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၁၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၁၅၀)၊ မတ်ပဲ ကျပ်(၃၃၅)၊ မြေပဲလုံးဆံဖြူ ကျပ်(၃၀၀)အသီးသီးဈေးနှုန်းမြင့်တက်နေပြီး ပဲကြီး ကျပ်(၁၅၀)၊ ဝါ ကျပ်(၂၀၀)ဈေးနှုန်းလျော့နည်းခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၃၀.၄) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။  

ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၉၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၂၅.၆၇)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။  

ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်)(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင်  ကြက်သွန်နီ(သစ်) ကျပ်(၁၀၀)ဈေးနှုန်းလျော့ကျပြီး တစ်ပတ်အတွင်း တန်ချိန်(၁၅၁)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929)(၁)ပိဿာလျှင် ကျပ်(၄၂၁၀)၊ ကုလားပဲဖြူ(V2) (၁)ပိဿာလျှင်ကျပ်(၄၂၃၅)၊ ကုလားပဲ(V6) (၁)ပိဿာလျှင်ကျပ်(၄၃၄၅)၊ ထောပတ်ပဲ(ကျွန်း)(၁)ပိဿာလျှင် ကျပ် (၄၉၅၀)၊ ပဲစင်းငုံ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ ပဲဇီးကွက်(၁)ပိဿာလျှင် ကျပ်(၂၄၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ထောပတ်ပဲ(ကျွန်း) ကျပ် (၁၁၀-၃၂၀)၊ ပဲစင်းငုံ ကျပ် (၄၆၀)၊ ပဲဇီးကွက် ကျပ်(၁၀၀)၊ ကုလားပဲ(929) ကျပ်(၁၀၅)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  တစ်ပတ်အတွင်း တန်ချိန်(၄၆.၂၆)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News