Local News

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့်ယခုနှစ် ပဲမျိုးစုံဈေးနှုန်းများနှိုင်းယှဉ်ခြင်း

Last Updated:

ပြည်ကုန်စည်ဒိုင်တွင် ယခုအပတ်ဖြစ်သော သြဂုတ်လ၊ ဒုတိယအပတ်နှင့် ယခင်နှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများအားနှိုင်းယှဉ်ကြည့်လျှင် ပဲဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရပါသည်။

မတ်ပဲ

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၅၀-၂၀၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၈၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရန်ကုန်အဝယ်ရှိနေနေသည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တစ်တင်းကို ၃၂၅၀၀ ကျပ်ခန့်ဖြင့်ယခုနှစ်တွင် ဈေးပိုရလာပါသည်။

ပဲတီစိမ်း

ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၇၀၀၀၀ ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရှိပါသည်။ ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၁၀၀၀ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၂၀၀ ခန့်မန္တလေးအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတစ်တင်းကို ၉၀၀၀ ကျပ်ခန့်ဈေးပိုရလာပါသည်။

ပဲစင်းငုံ

ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၀၀၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ ခန့်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင်  ပဲစင်းငုံတစ်တင်းကို ၁၃၃၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ ခန့်ရှိပါသည်။ ထို့ကြောင့် ပဲတစ်တင်းကို ၃၃၀၀၀ ကျပ်ခန့်ဖြင့် ယခုနှစ်၌ ဈေးပိုရလာပါသည်။

ကုလားပဲ

ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၁၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၂၅၀-၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၈၅၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိလာခဲ့ပါသည်။ ကုလားပဲဈေးများမှာ ယခင်နှစ်တွင် ဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင် ဈေးအနည်းကျဆင်းလာသည်ကိုတွေ့ရပါသည်။

ပဲကြီး

ယခုနှစ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၉၀၀၀ ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၄၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရှိနေနေသည်။ ယခင်နှစ် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို  ၉၈၀၀၀ ကျပ်၊ ကုန်းပဲတစ်တင်းကို ၉၆၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၃၀၀ ခန့်ရှိခဲ့ပါသည်။ ရွှေကျွန်းပဲတစ်တင်းကို ၉၀၀၀ ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၂၀၀၀ ကျပ်ခန့်ဖြင့် ယခင်နှစ်တွင် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်ပဲ

ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၅၈၀၀၀ ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၀၀-၁၅၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် ဘိုကိတ်ပဲတစ်တင်းကို ၉၂၀၀၀ ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၁၅၀ ခန့်ရှိနေနေသည်။ ဘိုကိတ်တစ်တင်းကို ၃၄၀၀၀ ကျပ်ခန့်ဖြင့် ယခုနှစ်တွင် ဈေးပိုရလာပါသည်။

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဘိုကိတ်ဈေးမှာ ယခင်နှစ်ထက် ဈေးပိုကောင်းလာပြီး ကုလားပဲနှင့် ပဲကြီးမှာ ယခင်နှစ်တွင် ဈေးပိုကောင်းခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News