Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြစ်ချင်းငါး ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်ကအတွင်း ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက ငါးမြစ်ချင်းငါးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးမြစ်ချင်းငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှတင်ပို့ရောင်းချသည့် ငါးမြစ်ချင်းငါးများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်းတွေ အဆက်မပြတ်တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်ကအတွင်း ငါးမြစ်ချင်းငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့နယ်က ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ငါးမြစ်ချင်းငါးတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချတာပါ။ ရေထွက်ကုန်တွေကို ကုန်းလမ်းခရီးကအဆင်ပြေလို့ ကုန်တင်ကားတွေနဲ့ အများဆုံးတင်ပို့ရောင်းချနေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျ စစ်ဆေးသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ ကုန်တင်ယာဉ်များအသုံးပြုပြီး အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးမြစ်ချင်းငါးပိဿာချိန် ၁၀ လျှင် ငွေကျပ် ၉၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News