International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တိရိစ္ဆာန်အစားအစာ ဝယ်လိုအားမြင့်တက်

Last Updated:

အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဌာန၊ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှု၏ အစီရင်ခံစာအရ စီးပွားရေးစိန်ခေါ်မှုများနှင့် တိရစ္ဆာန်အစာဈေးနှုန်းများ မြင့်မားနေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စီးပွားဖြစ် ကြက်မွေးမြူရေးခြံကြီးများက လုပ်ငန်းချဲ့ထွင်မှုများကြောင့် တိရစ္ဆာန်အစာဝယ်လိုအား တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

ငွေကြေးဖောင်းပွမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေကြေး (တာကာ) တန်ဖိုးကျဆင်းမှုနှင့် နိုင်ငံခြား ငွေကြေးအရန်ငွေများ လျော့နည်းလာခြင်းတို့ရှိသော်လည်း ဝယ်လိုအားတိုးတက်မှုကို အဟန့် အတားမဖြစ်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တိရစ္ဆာန်အစာထုတ်လုပ်မှုကဏ္ဍ၏ အဆိုအရ ၂၀၂၂ ခုနှစ်တွင် တိရစ္ဆာန် အစာထုတ်လုပ်မှုသည် စုစုပေါင်းတန်ချိန် ၆.၆ သန်း ရှိခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၁၀ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားခဲ့ပါသည်။

ကြက်အစာအတွက် ပြောင်းသည် အဓိကကုန်ကြမ်းဖြစ်သော်လည်း ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပဲပိစပ်အစာသုံးစွဲမှုသည် ယခင်နှစ်ထက် တန်ချိန် ၁၅၀,၀၀၀ တိုးကာ တန်ချိန် ၂. ၆၅ သန်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းကြောင်း၊ ထို့ကြောင့် ပဲပိစပ်တင်သွင်းမှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁.၈ သန်းရှိရာမှ တန်ချိန် ၂ သန်းအထိ မြင့်တက်လာနိုင်ပြီး ပဲပိစပ်အစာတင်သွင်းမှု သည် တန်ချိန် ၅၀,၀၀၀ မှ ၁ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်တွင်းပဲပိစပ် ထွက်ရှိမှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက်အနည်းငယ်တိုးပြီး တန်ချိန် ၁၅၀,၀၀၀ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ကာနိုလာဆီထုတ်လုပ်သည့် ပန်းနှမ်းသီးနှံ ထုတ်လုပ်မှုတိုးလာခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၅ သန်း နီးပါး ရရှိမည်ဟု မျှော်မှန်းကြောင်း နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) မှ သုံးသပ်ထားသည်။

Source: www.world-grain.com

Source: https://commerce.gov.mm

Category: International News