International News

ပါကစ္စတန်နိုင်ငံ၊ ဆင်းပြည်နယ်မှ သရက်သီးများ တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ရေး

Last Updated:

    တရုတ်နိုင်ငံသည် နိုင်ငံခြားငွေ အမြောက်အများရရှိနိုင်မည့် သရက်သီးအမျိုးအစားအမျိုးမျိုး တင်ပို့နိုင်သည့် ပါကစ္စတန်နိုင်ငံ၏ ဈေးကွက်တစ်ခုဖြစ်လာနိုင်ပါသည်။ မကြာသေးမီက တရုတ်နိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် တန်ဒိုဂျမ် (Tandojam) မြို့ရှိ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့သွားရောက်ခဲ့ပြီး သရက်သီးမျိုးများကို လေ့လာခဲ့ကြပါ သည်။ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် ပို့ကုန်အရည်အသွေးမီ တန်ဖိုးမြှင့်သရက်သီးထုတ်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းများကို သုတေသနပြုဆောင်ရွက်လျက်ရှိသည်။

    ကနဦးအစီအစဉ်အနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဆင်းပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်မှ သရက်သီးတန်ချိန် ၆,၀၀၀ ကို ပြုပြင်ထုတ်လုပ်ရန်အတွက် တင်သွင်းရန် စီစဉ်ထားပါသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် မေလမှ စက်တင်ဘာလအတွင်း သီးသည့် အသားထူသော သရက်သီးများကို ဝယ်ယူလိုကြပါသည်။

Source: nation.com.pk

Category: International News