Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲလွန်းနှင့် ပဲဇီးကွက်ဈေးအေးသော်လည်း အရောင်းအဝယ်သွက်နေ

Last Updated:

အောက်တိုဘာလ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံ ဈေးကွက်တွင် ပဲလွန်းဖြူနှင့် ပဲဇီးကွက် ယခင်တစ်ပတ်ထက် ဈေးအေးသွားသော်လည်း ပြည်တွင်းဈေးကွက်အပြင် ပြည်ပ အဝယ်ရှိလာသောကြောင့် အရောင်းအဝယ်သွက်နေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ပဲလွန်းဖြူ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၇၀၀၀၀ မှ ၁၇၅၀၀၀၊ ယခင်လ ကျပ် ၁၆၀၀၀၀ မှ ၁၆၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။

ပဲလွန်းပြာ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၈၀၀၀၀ မှ ၁၉၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၉၅၀၀၀ ၊ ယခင်လ ကျပ် ၁၆၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

ပဲဇီးကွက် ၅၈.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၆၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၅၇၀၀၀ မှ ၁၆၀၀၀၀ ၊ ယခင်လ ကျပ် ၁၄၅၀၀၀ မှ ၁၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News