စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း(၁၀၀) ၅၀၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၉၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(သစ်) စပါး တင်း(၁၀၀) ၃၀၀၀၀၀၀ ကျပ် နှင့် ဆန်တစ်အိတ် ၁၃၅၀၀၀ ကျပ်၊ ကလေးဧရာမင်း (ဟောင်း) စပါးတင်း(၁၀၀) ၃၆၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၃၅၀၀၀ ကျပ်၊ ကလေးဧရာမင်း (သစ်) စပါးတင်း (၁၀၀) ၂၆၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၁၀၀၀၀ ကျပ်၊ ကလေးဧည့်မထ (ဟောင်း) စပါးတင်း (၁၀၀) ၃၁၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၀၀၀၀ ကျပ်၊ ကလေးဧည့်မထ (သစ်) စပါးတင်း (၁၀၀)၂၃၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၇၅၀၀၀ ကျပ်၊ မုံရွာဧရာမင်း (ဟောင်း) စပါး တင်း (၁၀၀) ၃၅၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၇၀၀၀၀ ကျပ် မုံရွာဧရာမင်း (သစ်) စပါးတင်း (၁၀၀) ၃၁၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၅၀၀၀၀ ကျပ်နှင့် မနောသုခ (သစ်) စပါးတင်း (၁၀၀) ၂၁၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၀၀၀၀ ကျပ်၊ ရွှေဝါထွန်း စပါးတင်း (၁၀၀) ၂၂၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။
ယခင်လပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ယခုလတွင် စက်ပိုင်များမှအဝယ်ရှိခြင်း၊ လှောင်လက် သမားများမှ နယ်အထိ ပွဲစားများလွှတ်၍ဝယ်ခြင်းနှင့် အောက်ပိုင်းမှ အဝယ်များခြင်းတို့ကြောင့် စပါးနှင့် ဆန်ဈေးများ အနည်းငယ် မြင့်တက်လာကြောင်း သိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး