မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ဝကျွန်းတစ်လျှောက်မှ မြေပဲဆန်အသစ်များ ဝင်ရောက်နေကြောင်း၊ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၇၁၀၀မှ ၇၅၀၀၊ ယခင်တစ်ပတ် ကျပ် ၇၁၀၀မှ ၇၄၀၀၊ ယခင်လကျပ် ၆၈၀၀မှ ၇၁၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၊ ယခင်လထက် ကျပ် ၇၀၀ မြင့်တက်လာသည်။
မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၆၅၀၀မှ ၆၆၀၀၊ ယခင် တစ်ပတ်ကျပ် ၆၆၀၀မှ ၆၈၀၀၊ ယခင်လကျပ် ၆၈၀၀မှ ၇၂၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀မှ ၂၀၀၊ ယခင်လထက်ကျပ် ၃၀၀မှ ၆၀၀ နိမ့်ကျလာသည်။ S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၆၄၀၀မှ ၆၅၀၀၊ ယခင်တစ်ပတ်ကျပ် ၆၃၅၀မှ ၆၄၇၅၊ ယခင်လကျပ် ၆၂၀၀မှ ၆၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၅မှ ၅၀ ယခင်လထက်ကျပ် ၂၀၀ မြင့်တက်လာသည်။
မြင့်မြင့်လှိုင်
ရတနာပုံကုန်သွယ်မှုဗဟိုဌာန