Local News

မန္တလေးကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန်ပဲမာများစျေးကောင်းရနေ

Last Updated:

ဧပြီလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲဝင်ရောက်မှုနည်းလာပြီး ပဲမာများ အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အပြင် အခြားကုန်သွယ်ဘက် နိုင်ငံများသိုလည်း တင်ပို့မှုရှိနေသောကြောင့် အဝင်ရှိသလောက် အရောင်းသွက်၍ ဈေးကောင်းရနေကြောင်း၊ ပဲတီစိမ်းကိုလည်း တရုတ် နိုင်ငံသို့ တင်ပို့မူရှိကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

          ပဲစဉ်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၃၃၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၃၃၀၀၀မှ ၂၃၂၀၀၀၊ ယခင်လကျပ် ၂၂၈၀၀၀မှ ၂၀၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀ မြင့်တက်လာသည်။

        ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၉၀၀၀၀မှ ၁၉၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၅၀၀၀မှ ၂၀၀၀၀၀၊ ယခင်လကျပ် ၁၃၀၀၀၀မှ ၁၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀မှ ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၃၂၀၀၀မှ ၆၀၀၀၀ မြင့်တက်လာသည်။

          မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၁၀၀၀၀မှ ၂၁၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၁၁၀၀၀မှ ၂၁၃၀၀၀၊ ယခင်လကျပ် ၂၀၀၀၀၀မှ ၂၀၁၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၁၀၀၀၀မှ ၁၁၀၀၀ မြင့်တက်လာသည်။

          မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၇၀၀၀၀မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင်လကျပ် ၂၆၅၀၀၀မှ ၂၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ မြင့်တက်လာသည်။

 

                                                                                                                                                                                                                                                     မြင့်မြင့်လှိုင်

                                                                                                                                                                                                                                         ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News