Local News

ပြည်ပဝယ်လိုအား မြင့်တက်နေသည့်အတွက် ပြည်တွင်း သကြားဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

Last Updated:

မြန်မာနိုင်ငံမှ ထွက်ရှိသည့်သကြားကို ပြည်ပဝယ်လိုအားမြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်းသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် သကြားကို ပြည်ပဝယ်လက်ဖြစ်သည့် တရုတ်၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ အဓိကဝယ်ယူနေခြင်းဖြစ်သည်။

" ဒီလဆန်းပိုင်းကစပြီး သကြားကို ပြည်ပဝယ်လက်တွေက အဝယ်များလာတယ်။ ပြီးတော့ ပြည်တွင်းဈေးကွက်ကပါ အဝယ်ရှိတော့ ပိုပြီးဈေးကွက်ထဲမှာ အရောင်းအဝယ်သွက်တာပေါ့" ဟု သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးဝင်းဌေးကပြောသည်။ လက်ရှိတွင် သကြားကို ပြည်တွင်းစားသုံးမှုအတွက် အဓိကဦးစားပေးပြီး ပိုလျှံသည့် သကြားများကိုသာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့သကြားကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း လတ်တလောတင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွေမှာ အဓိကစိုက်ပျိုးနေခြင်းဖြစ်သည်။

Source: https:// te.me/popularjournal

Category: Local News