Local News

ပခုက္ကူဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီ စိုက်ပျိုးသော ကူရှည်၊ ဆင်နီတောင်၊ ဒေါသာ၊ ပင်းတလဲ၊ ရွာသစ်ကြီး၊ လိပ်ခြံကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုအနေဖြင့် ဇွန်လနောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀ ဖြင့် လည်းကောင်း၊ အလတ်စတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ ဖြင့်လည်းကောင်း၊ အသေးစတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ ဖြင့်လည်းကောင်း ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ဇွန်လ၊ နောက်ဆုံးပတ်တွင် ကုန်ဝင်ရောက်မှုများပြားလျက်ရှိရာ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။

ဈေးကွက်အနေဖြင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်နီ အများဆုံးတင်ပို့လျက်ရှိပြီး ဇွန်လ နောက်ဆုံးပတ်တွင် ပြည်ပသို့ ကြက်သွန်နီ ကုန်ချိန်ပိဿာ ၂ သိန်း၊ တန်ချိန်အားဖြင့် ၃၂၆ တန်ခန့် တင်ပို့နိုင်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News