Local News

ကြက်သွန်ဖြူစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ

Last Updated:

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကို မြစ်သားမြို့နယ်တွင် (၅၅) ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကြက်သွန်ဖြူစိုက်ပျိုးမှု (၁) ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ပိဿာ(၆၀) ခန့်ကုန်ကျကြောင်း၊ မျိုး (၁)ပိဿာလျှင် (၁၅၀၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ အထွက်နှုန်းခန့်မှန်းအနေဖြင့် ပိဿာ (၅၀၀-၈၀၀) အထိ ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ရေပြစ်၊ ကျောက် ဆောက်၊ ဒါန်းတိုင်နှင့်ဒါးရဲကောင်းကျေးရွာများတွင်စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုး သောမျိုးမှာဗမာဖြူမျိုးများကိုသာစိုက်ပျိုးကြပါသည်။ယခုလက်ရှိစျေးကွက်အတွင်း ရှမ်းကြက်သွန် ဖြူ(အကြီး/အသေး)များအဝင်များကြောင်း၊ ရှမ်းကြက်သွန်ဖြူ အကြီး(၁)ပိဿာလျှင်(၁၈၀၀၀/-) ကျပ်၊ အသေး(၁)ပိဿာလျှင်(၁၅၀၀၀/-) ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ဗမာကြက်သွန်ဖြူ (၁)ပိဿာလျှင်(၂၀၀၀၀/-)ကျပ်ရှိကြောင်း၊ ရှမ်းကြက်သွန်ဖြူများကို အောင်ပန်း၊ကလော၊ရွာငံနှင့် တောင်ကြီးမှဝင်ရောက်လျှက်ရှိကြောင်း၊ ဗမာကြက်သွန်ဖြူကို အိမ်ရှင်မများ အသုံးများသော ကြောင့်အမြို့မြို့အနယ်နယ်သို့တင်ပို့ရောင်းချကြကြောင်း၊ဝယ်လိုအားရှိသော ဗမာကြက်သွန်ဖြူ မျိုးများကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း၊ယခင်နှစ် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး သိန်း(၄၀)ကျော်မြတ်ကြောင်း၊ကြက်သွန်ဖြူစျေးများ တစ်နှစ်ထက်တစ်နှစ် စျေးနှုန်းများ‌ကောင်းမွန်သောကြောင့် တောင်သူများ စိုက်ပျိုးရကျိုးနပ်ကြောင်း၊ ယခုနှစ်ပေါ်ချိန်တွင်လည်း စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူပေါ်ချိန်တွင်လည်း ပွဲစားများမှ ရွာအရောက်လာရောက်ဝယ်ယူကြကြောင်းနှင့် မန္တလေးပွဲရုံများသို့လည်း တင်ပို့ရောင်းချကြပါသည်။ ဝယ်လိုအားရှိပြီး စားသုံးသူများကြိုက်နှစ်သက်သော ကြက်သွန်ဖြူ သီးနှံကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သိရှိရသည်။

source: https://www.doca.gov.mm/

Category: Local News