မန္တလေးစျေးကွက်အတွင်းသို့ ထောပတ်ပဲစိမ်းများ ဝင်ရောက်မှုများသည့်အတွက် စျေး အနည်းငယ်ကျဆင်းသွားကြောင်း၊ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ရမည်းသင်းခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိသည့် ထောပတ်ပဲစိမ်းများအပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ထောပတ်ပဲစိမ်းများလည်း ဝင်ရောက်ကြောင်း သိရှိရသည်။ မန္တလေးမြို့၊ ၄၁ လမ်း၊ ဝေယံထွန်းစျေး၊ ကုန်စိမ်းလက္ကား ရောင်းချသည့်စျေးတွင် ထောပတ်ပဲစိမ်းများအား နို့ဆီဗူးဖြင့် ချိန်တွယ်ရောင်းချလျက်ရှိပါတယ်။ လက္ကားစျေးအနေဖြင့် ဒီဇင်ဘာလပထမပတ်အတွင်း ထောပတ်ပဲစိမ်းတစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ) လျှင် ၇၀၀ဝိ/- နှင့် ၈၀၀ဝိ/-စျေး၊ လက်လီစျေးတစ်ဗူးလျှင် ၁၂၀ဝိ/- နှင့် ၁၃၀ဝိ/- ဖြစ်ပေါ်ခဲ့ပြီး၊ဇန်နဝါရီလပထမပတ် တွင် လက္ကားစျေး တစ်ထုတ်လျှင် ၆၀၀ဝိ/- နှင့် ၇၀၀ဝိ/- စေျး၊ လက်လီစျေး တစ်ဗူးလျှင် ၁၀၀ဝိ နှင့် ၁၁၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇန်နဝါရီလပထမပတ်အတွင်း ထောပတ်ပဲစိမ်း ဝင်ရောက်မှု များပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း ထောပတ်ပဲရောင်းချသူတစ်ဦးထံ မှ သိရှိရသည်။ ထောပတ်ပဲအမျိုးအစားမှာ ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ကြောင်း၊ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ တစ်တန်လျှင် ထောပတ်ပဲကြီး (သစ်) ၄၁၃၇၀၃၅ ကျပ် နှင့် ၄၂၄၅၉၀၄ကျပ်၊ ထောပတ်ပဲ (လတ်) ၃၈၁၀၄၂၇ ကျပ်နှင့် ၄၀၂၈၁၆၅ ကျပ်၊ ထောပတ်ပဲ(သေး) ၃၂၆၆၀၈၀ ကျပ်စျေး၊ တစ်ပိဿာပေါက်စျေးများမှာ ထောပတ်ပဲ (ကြီး)(သစ်) ၆၇၅၆ ကျပ်နှင့် ၆၉၃၃ ကျပ်၊ထောပတ်ပဲ(လတ်) ၆၂၂၂ကျပ်နှင့်၆၅၇၈ကျပ်၊ ထောပတ်ပဲ (သေး) ၅၃၃၃ ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ရက်အလိုက်ထောပတ်ပဲပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm