Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ စံပယ်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြယ်တာရာပန်း၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ စူပါကျောက်စိမ်းစသည့်ပန်းများအပြင် နှစ်ရှည်ပင်ဖြစ်သော စံပယ်ပင်များကိုလည်း အများအပြားစိုက်ပျိုးကြကြောင်း၊ စံပယ်ပင်ကို မိသားစုအပိုဝင်ငွေရရှိရန်အတွက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။ စံပယ်ပင်ကို မိုးတွင်းကာလများတွင် စိုက်ပျိုးပြီး ငါးလခန့်အကြာတွင် စံပယ်ပန်းများ ခူးဆွတ်ရရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် စံပယ်ပန်းအကိုင်းများကို ခုတ်ယူပြီး ပေါင်ခတ်၍ အတန်းလိုက်စိုက်ပျိုးရကြောင်း။ စံပယ်ပန်းများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ထွက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းနည်းပါး၍ နွေရာသီနှင့် မိုးရာသီများတွင် အထွက်နှုန်းနည်းပါးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကအတွက် တစ်လလျှင် စံပယ်ပန်း ပိဿာချိန် ၁၅၀-၂၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပန်းပွဲစားများက စိုက်ခင်းသို့လာရောက်ဝယ်ယူကြပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ စံပယ်ပန်းသည် နှစ်ရှည်ပင်ဖြစ်ပြီး လစဉ်ဝင်ငွေရရှိသောကြောင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News