Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ၀၈:၀၀ နာရီအချိန်တွင် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ အဓိကပို့ကုန်များဖြစ်သည့် ချုပ်ပြီးအထည်များ၊ ဖိနပ်၊ အိတ်အစရှိသည့် CMP ထုတ်ကုန်များအပြင် စိုက်ပျိုးရေးထွက်ကုန်များအား ဥရောပအာရှနိုင်ငံများသို့ တိုးမြှင့်တင်ပို့သွားနိုင်ရေး၊ အပြန်အလှန် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအလားအလာများအား ဖော်ထုတ်ပြီး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News