Local News

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Last Updated:

နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်ပါသည်။

၎င်းအပြင် AWPT 1 ဆိပ်ကမ်းမှ MV. CONTRIVIA သင်္ဘောသည် ၉-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့လည်းကောင်း၊ AWPT 3 ဆိပ်ကမ်းမှ MV. ISEACO FORUTNE သင်္ဘောသည် ၉-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်း၊ နှမ်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို မလေးရှားနိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် SPW 6  ဆိပ်ကမ်းမှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON 4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MIP 2 ဆိပ်ကမ်းမှ MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၅ ရက်နေ့တွင်လည်း YIGT ဆိပ်ကမ်းမှ MV. DDS MARINA သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News