Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇူလိုင်(၂)ရက်နေ့မှ ဇူလိုင်(၆)ရက်နေ့အတွင်း ပို့ကုန် ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၆) ဒေါ်လာနှုန်းဖြင့် (၇.၂) တန်၊တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း အား ကားလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ် တစ်သိန်းခန့်) ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇူလိုင်(၂ )ရက်နေ့မှ ( ၆ )ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်(၁)တန်လျှင် (၈၇၂)ဒေါ်လာနှုန်းဖြင့်(၅၀၀) တန်၊ တန်ဖိုး (၀.၄၃၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁) တန် လျှင် (၉၈၉) ဒေါ်လာနှုန်းဖြင့် (၅၀၀) တန်၊ တန်ဖိုး (၀.၄၉၅) ဒေါ်လာသန်း၊  ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၃၈.၃၅၅) တန်၊ တန်ဖိုး(၀.၂၉၄)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၃၆.၉၄) တန်၊ (၂၆၀၀) U၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၂၆၇) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၃.၆) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News