ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၆) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၉၁၃) ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၄၉) ဒေါ်လာသန်း၊ စုစုပေါင်း (၂.၉၆၂)ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၉.၂၄၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။
ဇူလိုင်လ (၆) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာနှင့် ပဲမျိုးစုံတို့တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ် အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်(၂)ရက်မှ(၆) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာ တို့ဖြင့် တန်ချိန် (၁၅၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၁၇.၅၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၂၉၅.၅) တန်၊ တန်ဖိုး (၀.၁၁၈) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်းနှင့် ပဲမျိုးစုံ တန်ချိန် (၅၀၅) တန်၊ တန်ဖိုး (၀.၃၉၆) ဒေါ်လာသန်းတို့ တင်ပို့နိုင်ခဲ့ပါသည်။
အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၄၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၁၆)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၄၆.၂၂၆) တန်၊တန်ဖိုး (၁.၁၆၅) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၁၉၀.၅၀၀) တန်၊ တန်ဖိုး (၀.၅၈၄)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
Source: https://commerce.gov.mm