Local News

ပြည်ပကဝယ်ယူမှုများပြား၍ မန္တလေးဈေးကွက်တွင် ယခုလပထမပတ်မှစ၍ ပဲပုပ်(ဗမာ)အရောင်းအဝယ်ကောင်းမွန် လျက်ရှိ

Last Updated:

ပြည်ပကဝယ်ယူမှုများပြား၍ မန္တလေးဈေးကွက်တွင် ယခုလပထမပတ်မှစ၍ ပဲပုပ်(ဗမာ)အရောင်းအဝယ်ကောင်းမွန် လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပြည်တွင်းမှ ထွက်ရှိသည့် ပဲပုပ်(ဗမာ)များကို ယခုလက်ရှိတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဘက်က ပြန်လည်ဝယ်ယူမှုများရှိလာကာ လက်ရှိတွင် ပြည်တွင်း၌လည်း ပဲပုပ်(ဗမာ)များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်က ပဲပုပ်(ဗမာ)များ မန္တလေးဈေးကွက် အတွင်း၌ အရောင်းအဝယ်အေးနေခဲ့ကြောင်း သိရသည်။ “ပဲပုပ်(ဗမာ)ကုန်စည်ကတော့ မန္တလေးဈေးကွက်အတွင်းကော ပြည်တွင်းအခြားမြို့တွေကကော ပြည်ပက အဝယ်တော်တော်လေးလိုက်လာတယ်။ ပြည်တွင်းမှာ ပဲပုပ်(ဗမာ)အရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေလဲ အလုပ်အကိုင်အဆင်ပြေနေပါတယ်။ နောက်ပိုင်းမှာလဲ ပဲပုပ်(ဗမာ)ဒီထက်အရောင်းအဝယ်ကောင်းမွန်လာဖို့ ရှိနေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်တွင် ယနေ့ပေါက်ဈေးအရ ပဲပုပ်(ဗမာ)ဈေးနှုန်းမှာ ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀ ထိပေါက်ဈေးရှိခဲ့ပြီး အရောင်အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ “ပဲပုပ်(ဗမာ)ကို ပြည်တွင်းစားသုံးမှုကတော့ အများဆုံးပါ။ ပြည်ပတင်ပို့မှုကတော့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံဘက်ကို့ အများဆုံးတင်ပို့ တာများပါတယ်။ အခုလတ်တလော ပြည်ပကကုန်သည်တွေက မှာယူမှုများနေလို့ ပဲပုပ်(ဗမာ)က အရောင်းအဝယ် ပိုမိုကောင်းမွန်လာပါတယ်” ဟု ဦးစက်မောင်ဆွေက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News