Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

ကြက်သွန်နီ
မော်လမြိုင်ကုန်စည်ဒိုင်သို့ မြစ်သားနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများ ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ်ပိသာလျှင် (၃၂၀၀)ကျပ်၊ မြစ်သား(အလတ်) တစ်ပိသာလျှင်(၃၁၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိသာလျှင် (၂၉၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး) တစ်ပိသာလျှင် (၂၇၀၀)ကျပ်၊ ဆိပ်ဖြူ (အလတ်) တစ်ပိသာလျှင်(၂၆၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး) တစ်ပိသာလျှင်(၂၄၀၀)ကျပ်တို့ဖြစ်ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ်ပိသာလျှင် (၂၇၀၀) ကျပ်၊ မြစ်သား(အလတ်)တစ်ပိသာလျှင် (၂၆၀၀)ကျပ်၊ မြစ်သား(အသေး)တစ်ပိသာလျှင် (၂၄၀၀) ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိသာလျှင် (၂၂၀၀)ကျပ်၊ ဆိပ်ဖြူ (အလတ်)တစ်ပိသာလျှင် (၂၀၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိသာလျှင် (၁၆၀၀)ကျပ်တို့ဖြစ်ရာ ဖေဖော်ဝါရီလ တတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။
ကြက်သွန်ဖြူ        
မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလတတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ်တစ်ပိသာလျှင် (၉၂၀၀)ကျပ်၊    ထူးလေးတစ်ပိသာလျှင် (၁၂၀၀၀)ကျပ်၊ ထူးငါးတစ်ပိသာလျှင် (၁၂၀၀၀)ကျပ်တို့ဖြစ်ပြီး ဖေဖော်ဝါရီလပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ်တစ်ပိသာလျှင် (၉၅၀၀)ကျပ်၊ ထူးလေးတစ်ပိသာလျှင်(၁၅၅၀၀)ကျပ်၊ ထူးငါး တစ်ပိသာလျှင်(၁၆၀၀၀)ကျပ်တို့ဖြစ်ရာ ဖေဖော်ဝါရီလတတိယအပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။                    

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး  
 

Category: Local News