Local News

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၄-၃-၂၀၂၄ မှ ၈-၃-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂၉၆၂၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၁၇၂၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၈၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၁၀၃၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၂၃၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၅၁၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၆၅လုံး (တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၄၀ လုံး (တန်ချိန် ၃၃၆၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၇၅ လုံး (တန်ချိန် ၁၈၀၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၈၀၀၀၊ မြှားနီ ကျပ် ၈၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၄၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၁၀၀၀ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၅၀၀ ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၀၅၀၀(၂၁၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၂၀၀ ( ၁၈၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀၀ (၂၂၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၅၀၀  (၂၂၅၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၅၀၀ (၁၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀(၄၅၀၀ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်းသိရသည်။ 

မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၁၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၂၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၃၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။ 
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၆၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၁၇၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်းညောင်ဦး ဆေးရှယ်(ထန်း)ကျပ် ၃၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၉၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၈၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၆၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၇၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၇၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၆၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀ ၊ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်ကကားစီးရေ ၁၈၁ စီး (၁၀၈၆၀၀၀ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ၁၄၇စီး (၈၈၂၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်ကားစီးရေ ၃၄ စီး (၂၀၄၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။   
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၆၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၆၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၆၈၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂  ကျပ် ၅၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၄၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၃၈၀၀ ဈေးကျဆင်းခဲ့ပြိီး ကြူကုတ်ရှယ်မှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၄၀၀ (၁၀၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၃၉၀၀(၁၁၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ  ၅၀၀ ( ၁၅၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။     

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)                                                               

Category: Local News