Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၃-၆-၂၀၂၄ မှ ၇-၆-၂၀၂၄) အတွင်းပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၃၄၂၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၆၃၂၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၄၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၆၀၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၆၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၇၅၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၂၁၀ လုံး (တန်ချိန် ၅၀၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၉၅ လုံး (တန်ချိန် ၄၆၈၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅လုံး(တန်ချိန်၃၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၀၀၀၊ မြားနီ ကျပ် ၅၅၀၀၊ ပန်းတနော်ရှည် ကျပ် ၅၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၂၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၂၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၅၀၀၊ မြားနီ ကျပ် ၃၀၀ နှင့် ပန်းတနော်ရှည် ကျပ် ၂၀၀ အသီးသီး ဈေး ကျဆင်းခဲ့ပြီး ကျန်ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၄၁၀၀ (၈၂၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခု အပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း၃၄၀၀ (၆၈၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၇၀၀ (၁၄၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်) ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးများ ဈေးငြိမ် လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာ နှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ် ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ်၄၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ်၄၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၇၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၁၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၇၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၄၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၀၀ နှင့် ရေစကြိုထန်းလျက် (ချော)ကျပ်၁၀၀ ဈေးကျဆင်းခဲ့ပြီး ညောင်ဦးဆေးရှယ်(ထန်း)ကျပ်၆၀၀ဈေး မြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများဈေးငြိမ်လျက်ရှိသည်။ 

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၅၀၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ် သန့် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၃၅၀၊ မုံရွာလတ်ကြီး ကျပ် ၂၃၀၀၊ မုံရွာလတ်သန့် ကျပ် ၂၂၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀၊ မုံရွာသစ်ရှယ် ကျပ် ၁၅၀၊ မုံရွာလတ်ကြီး ကျပ် ၁၅၀၊ မုံရွာလတ်သန့် ကျပ် ၅၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ဆိပ်ဖြူလတ်ချော ကျပ် ၅၀ နှင့် မုံရွာလတ် ချော ကျပ် ၅၀ ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ် က   ကားစီးရေ ၁၁၀ စီး (၆၆၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၃၀ စီး (၇၈၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၂၀ စီး (၁၂၀၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၂၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၀၀၀၀၊ အောင် ပန်းထူး-၃ ကျပ် ၁၁၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၁၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၂၀၀၀ အသီးသီး ဈေးဖြစ် ခဲ့သည်။တစ်ပတ်အတွင်း  ကြက် သွန်ဖြူ ဈေးငြိမ်လျက်ရှိသည်။  ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၄၈၀၀ (၁၄၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၃၀၀ (၁၂၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၅၀၀ ( ၁၅၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၉၀၀၊ တရုတ် OK ကျပ် ၂၂၅၀ ၊ တရုတ် S1 ကျပ် ၂၂၅၀၊ တရုတ်S2 ကျပ် ၂၃၀၀ ဈေးနှုန်း အသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း အာလူးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၄၃ စီး (၂၅၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၄၆ စီး (၂၇၆၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၃ စီး (၁၈၀၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News