စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်း ငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။
မုံရွာမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးကာ ဈေးကွက်အတွင်း ကုန်ဝင် ရောက်မှုများခြင်းကြောင့် ကွမ်းဈေးနှုန်းများကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
Source: https://commerce.gov.mm