Local News

မအူလေးပင်ကျေးရွာ၌ နွေနှမ်းများ စတင်ရိတ်သိမ်းရောင်းချ

Last Updated:

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအုပ်စုတွင် စပါး၊ ကုလားပဲနှင့် နှမ်းစသည့် သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ မအူလေးပင်ကျေးရွာတွင် နှမ်းသီးနှံ များကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းအနီမျိုးနှင့် နှမ်းအဖြူမျိုး များကို စိုက်ပျိုးထားရှိကြောင်း၊ နှမ်းသီးနှံများကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လ၊ လဆန်းပိုင်း တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ် ၄၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၁ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းအနီ တစ်တင်းလျှင် ကျပ် ၁၁၅,၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းအဖြူ တစ်တင်းလျှင် ကျပ် ၁၂၅၀၀၀ ဖြင့် လည်းကောင်းရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် နှမ်းအနီတစ်ဧကလျှင် ကျပ် ၈၆၅,၀၀၀ ခန့်၊ နှမ်းအဖြူ တစ်ဧကလျှင် ကျပ် ၉၇၅,၀၀၀ ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့‌ တင်ပို့ရောင်းချကြောင်း နွေနှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News