Local News

ဈေးကွက်အတွင်း ပဲတီစိမ်းအသစ်များဝင်ရောက်လျက်ရှိ

Last Updated:

မိတ္ထီလာခရိုင်တွင် ပဲတီစိမ်းကို မိုး၊ ဆောင်းစိုက်ပျိုးကြသည့်အနက် ပဲတီစိမ်းကိုအများဆုံးစိုက်ပျိုးပြီး မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း(၄)မြို့နယ်လုံး၌ စိုက်ပျိုးကြပါသည်။ ဆောင်းပဲတီစိမ်းကို သာစည်နှင့် ဝမ်းတွင်းမြို့နယ်များတွင်သာစိုက်ပျိုးကြပါသည်။ မိုးပဲတီစိမ်းကို မေလ၊ ဇွန်လ မိုးဦးကျချိန်တွင် စိုက်ပျိုးကြပြီး ဩဂုတ်လဆန်းပိုင်းမှ စတင်ဆွတ်ခူးကြပါသည်။ မိုးပဲတီစိမ်းတစ်ဧကကုန်ကျစရိတ်မှာ (၄၈၀၀၀၀)ကျပ်ကျော်ခန့်ရှိကြောင်း၊ ပဲတီစိမ်းအသစ်များစတင်ပေါပြီး ဈေးကွက်အတွင်း စတင်ဝင်ရောက်လာ၍ ပဲတီစိမ်းသစ်တစ်တင်းလျှင် (၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ရာသီပေါ်ချိန်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၅၆၀၀၀)ကျပ်သာရှိခဲ့ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူနှိုင်းယှဉ်လျှင် ပဲတီစိမ်းတစ်တင်းလျှင်(၁၆၀၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်လာသောပဲတီစိမ်းအသစ်များကို မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြကြောင်း၊ ယခုအပတ်၌ ပွဲရုံများတွင် ပဲတီစိမ်းတင်း(၂၀၀)ခန့်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံပွဲရုံများ ထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News