International News

ကင်ညာနိုင်ငံ၏ ဥယျာဉ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တွင် ၁၄% အထိတိုးလာ

Last Updated:

ကင်ညာနိုင်ငံသည် ဥယျာဉ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ၁၄% မြင့်တက်ခဲ့ပြီး ဥရောပနှင့် အာရှဈေးကွက်များသို့ တင်ပို့ရောင်းချ ခြင်းဖြင့် ယင်းကဲ့သို့ မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်က သောကြာနေ့တွင် ထုတ်ပြန်သော စီးပွားရေးဒေတာ အသစ်အရသိရသည်။ ကင်ညာနိုင်ငံသည် ယခုနှစ်သုံးလပတ်အတွင်း ရှီလင် ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၁ သန်းနီးပါး) ရရှိခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ အဆိုပါ သုံးလပတ်တွင်း ကင်ညာနိုင်ငံသည် ပဲတန်ချိန် ၂၀၈၁၄၆ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် တန်ချိန် ၁၇၁၃၈၄ မှ တိုးလာကြောင်း သိရသည်။

ကင်ညာနိုင်ငံမှ အဓိကတင်ပို့သော ဥယျာဉ်စိုက်ပျိုးရေး ထွက်ကုန်များမှာ ဟင်းသီးဟင်းရွက်များ၊ အသီးအနှ့များနှင့် အလှပန်းများဖြစ်ပြီး ဥရောပတွင် ပန်းများအဓိက ရောင်းချခြင်းမှ ဝင်ငွေအများစုကို ရရှိနေခြင်းဖြစ်သည်။ ဥရောပတွင် နယ်သာလန်နှင့် ဗြိတိန်တို့သည် ကင်ညာနိုင်ငံအတွက် အကြီးဆုံးဥယျာဉ် စိုက်ပျိုးရေး ထွက်ကုန်ဈေးကွက်များဖြစ်ပြီး အာရှတွင် တရုတ်၊ အိန္ဒိယနှင့် ကာဇတ်စတန်တို့ရှိသည်။

ကင်ညာသည် ၎င်း၏ ထုတ်ကုန်များအတွက် အထူးသဖြင့် အာဖရိကတွင် ဈေးကွက် သစ်များ ရှာဖွေလျက်ရှိပြီး မေလတွင် ကင်ညာနိုင်ငံသည် အီသီယိုပီးယားနှင့်အတူ ဘုံဈေးကွက်အတွက် အရှေ့နှင့် တောင်ပိုင်းအာဖရိက (COMESA)နှင့် အရှေ့အာဖရိက အသိုက်အဝန်း (EAC) Horticultural Accelerator ပမာဏခြေလှမ်းကို အကောင်အထည်ဖော်ရန် ရွေးချယ်ထားသည့် နိုင်ငံငါးနိုင်ငံအနက်မှတစ်နိုင်ငံအဖြစ်ပါဝင်ခဲ့သည်။ ယင်းနိုင်ငံငါးနိုင်ငံတို့မှာ ကင်ညာ၊ အီသီယိုးပီးယား၊ ရဝန်ဒါ၊ တန်ဇနီယားနှင့် ယုဂန်ဒါတို့ဖြစ်သည်။ COMESA အတွင်းရေးမှူးချုပ်မှ ပရိုဂရမ်များအတွက် လက်ထောက်အထွေထွေ အတွင်းရေးမှူး၊ Mohamed Kadah က အဆိုပါ အစီအစဉ်သည် ဒေသနှစ်ခုကို နိုင်ငံများ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍများကြီးထွားမှုကို အရှိန်မြှင့်ပေးမည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။

Source : English.news

Source: https://www.doca.gov.mm

Category: International News