Local News

ခါကျက်ဥများ ဈေးကောင်းရသော ကြောင့် တစ်ဧက ငွေကျပ် သိန်း ၁၂၀ ခန့် အကျိုးအမြတ်ရနေ

Last Updated:

ပြင်ဦးလွင်မြို့နယ်အတွင်း  စိုက်ခင်းများတွင် စိုက်ပျိုးသည့် ခါကျက်ဥများ ဈေးကောင်းရရှိလာရာ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ကျော်ထိ ပေါက်ဈေးရှိနေကြောင်း ခါကျက်ဥစိုက်တောင်သူများထံက သိရသည်။ ပြင်ဦးလွင်ဒေသတွင် ကိုရီးယား ခါကျက်ဥ F1 မျိုးကို  တစ်ဧက တစ်ကီလိုနှုန်းဖြင့် စိုက်ပျိုးပြီး မျိုးတစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ခန့် ကုန်ကြ သည်။ ခါကျက်ဥတစ်ဧက စိုက် ပျိုးစရိတ်ငွေကျပ်မျိုး၊ စိုက်ပျိုးစရိတ်ပေါင်း ငွေကျပ် သိန်း ၃၀  ခန့်ကုန်ကျကြောင်းနှင့် ခါကျက်ဥ ကုန်ချိန် ၁၀၀၀၀ ခန့်ထွက်ရှိသဖြင့်ကြောင်း တောင်သူများထံက သိရသည်။ ပြင်ဦးလွင်ဒေသရှိ တောင်သူများမှာ ဒေသမျိုးအပြင် အထွက်နှုန်းကောင်းသည့် ကိုရီးယား ခါကျက်ဥများကို  စိုက်ပျိုးရာ တစ်ဧကလျှင် ကုန်ချိန် ၈၀၀၀-၁၅၀၀၀ ထိထွက်ရှိကြောင်း ပျှမ်းမျှ တစ်ဧကကုန်ချိန် ၁၀၀၀၀ ခန့် ထွက်ရှိကြောင်းလက်ရှိ ခါကျက်ဥ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ခန့် ပေါက်ဈေးမှာ ဈေးကျ ဆင်းနေသော်လည်း တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် သိန်း ၁၂၀ အကျိုးအမြတ်ရှိကြောင်း စိုက်ပျိုးကာလမှာ ဆောင်းရာသီစိုက်သီးနှံဖြစ်ပြီး အောက်တိုဘာလမှ ဖော်ဝါရီလအတွင်း စိုက်ပျိုးရန်အကောင်းဆုံး ဖြစ်ကြောင်း ခါကျက်ဥစိုက် တောင်သူ ကိုချမ်းချမ်းက ပြောသည်။ “ ခါကျက်ဥကိုရီးယားမျိုးက တစ်ကီလို ငွေကျပ် ၁၀ သိန်း လောက်ပေးဝယ် စိုက်ပျိုးရပါတယ်။ ဆောင်းစိုက်အတွက် အောက်တိုဘာလကနေ ဖေဖော် ဝါရီလကြားမှာ အဓိကစိုက်ပါတယ်။ ကိုရီးယားမျိုးက ကုန်ချိန်အထွက်နှုန်းလည်းကောင်းတော့ ဈေးကွက်ဈေးကျဆင်းချိန်တောင် အမြတ်ကျန်ပါတယ်။ ဒီနှစ် ခါကျက်တစ်ပိဿာငွေကျပ် ၁၅၀၀ ပေါက်ဈေးရှိပါတယ်။ စိုက်ပျိုး ချိန်ရက် ၁၀၀-၁၂၀ လောက်စိုက်ပျိုးပြီး တစ်ဧက ငွေကျပ် သိန်း ၁၂၀ လောက် ကျန်ပါ တယ်" ဟု ၎င်းကပြောသည်။ ပြင်ဦးလွင်ဒေသမှ ထွက်ရှိ သည့် ခါကျက်ဥများ ကိုမြန်မာ တစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချ လျက်ရှိပြီး တရုတ်နိုင်ငံနှင့်ထိုင်း နိုင်ငံမှ ခါကျက်ဥများ တင်သွင်းမှု မရှိသောကြောင့် ပြည်တွင်းဈေး ကွက်တွင် မျိုးဈေးကြီးမြင့်သလို အကျိုးအမြတ်လည်း ကောင်းကောင်းရရှိသည့် သီးနှံအမယ်တစ်မျိုးဖြစ်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News