Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းနှင့် ပဲဈေးနှုန်းများ

Last Updated:

မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီလပထမပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန် အသစ်တစ်တင်းလျှင် အမြင့်ဆုံး‌ဈေးမှာ (၁၂၅၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ (၁၂၂၀၀၀) ကျပ်၊ ပေါ်ကျွဲဆန် အသစ်တစ်တင်းလျှင် အမြင့်ဆုံးဈေးမှာ(၁၁၀၀၀၀)ကျပ်၊ အနိမ့်ဆုံး ဈေးမှာ(၁၀၇၀၀၀)ကျပ်၊ ဧည့်မထဆန်အသစ် တစ်တင်းလျှင်အမြင့်ဆုံးဈေးမှာ(၈၃၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ(၇၉၀၀၀)ကျပ်နှင့် ပဲတီစိမ်းတစ်တင်းလျှင်(၇၀၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ မြေပဲအသစ်တစ်တင်းလျှင်(၁၆၃၀၀၀)ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီလနောက်ဆုံး  ပတ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန် အသစ်တစ်တင်းလျှင် အမြင့်ဆုံး‌ဈေး မှာ (၁၂၁၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ (၁၁၈၀၀၀)ကျပ်၊ ပေါ်ကျွဲဆန် အသစ်တစ်တင်းလျှင် အမြင့်ဆုံးဈေးမှာ (၁၁၀၀၀၀)ကျပ်၊ အနိမ့်ဆုံး ဈေးမှာ(၁၀၇၀၀၀)ကျပ်၊ ဧည့်မထဆန်အသစ် တစ် တင်းလျှင် အမြင့်ဆုံးဈေးမှာ(၈၀၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ(၇၆၀၀၀)ကျပ်နှင့် ပဲတီစိမ်း တစ်တင်းလျှင်(၆၀၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၁၀၁၂၀၀)ကျပ်၊ မြေပဲအသစ်တစ်တင်းလျှင် (၁၅၈၅၀၀)ကျပ်တို့ဖြစ်ရာ ဇန်နဝါရီလနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်ဈေးနှုန်းနှင့်ပဲဈေးနှုန်းတို့မှာ အနည်ငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News