Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

စက်တင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ် ဖြစ်လျက်ရှိ သည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲဆီဆန်ဖြူဈေးနှုန်း အနည်းငယ် မြင့် တက်နေပြီး နှမ်းညို နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲလုံးဆန်နီနှင့် မြေပဲလုံးဆန်ဖြူဈေးနှုန်းများ ကျဆင်း နေ ကြောင်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှမ်းညို တစ်တင်း  ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀-၁၈၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ကျပ် ဖြစ်ကာ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၇၀၀၀ကျပ်၊ နှမ်းဖြူ တစ် တင်း ၁၁၀၀၀၀-၁၃၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုအပတ် နှင့် ယခင်အပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၉၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်း လျှင် ၅၀၀၀ ကျပ်ခန့်နှင့် နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်နှုန်း ကျဆင်းနေကြောင်း သိရသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၃၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၃၀၀ကျပ်၊ မြေပဲ ဆီဆန်ဖြူ တစ်ပိဿာ ၇၄၀၀-၇၆၀၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံး ဆန်နီ တစ်ပိဿာ ၈၇၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၈၀၀- ၉၀၀၀ကျပ်၊ မြေပဲဆီဆန် ဖြူ တစ်ပိဿာ ၇၄၅၀ကျပ် ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆီဆန်ဖြူ  တစ်ပိဿာ ၁၅၀ကျပ်ခန့် မြင့်တက်နေပြီး မြေပဲလုံးဆန်နီတစ်ပိဿာ ၂၀၀ကျပ်ခန့်နှင့် မြေပဲလုံးဆန်ဖြူ တစ် ပိဿာလျှင် ၇၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။ ယခုပတ် အတွင်း ပဲဆီတစ်ပိဿာ ၁၆၅၀၀-၁၅၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၅၀၀-၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၅၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်း ဝယ်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News