ရုံးပတီသီးသည် လူတိုင်းကြိုက်နှစ်သက်၍ ခန္ဓာကိုယ်အတွက် အလွန်ဆေးဖက်ဝင်သော အသီးတစ်မျိုးဖြစ်သည်။ ရုံးပတီသီးပင်ကို မိုးရာသီတွင် စတင်စိုက်ပျိုးကျပြီး (၄၅)ရက်အကြာတွင် ခူးဆွတ်ရောင်းချကြပါသည်။ ရုံးပတီသီးသည် အေးသောဂုဏ်သတ္တိရှိ၍ အစာအိမ်ရောင်ခြင်း၊ ကင်ဆာရောဂါ၊ သွေးအားနည်းခြင်း၊ အစာမကြေဖြစ်ခြင်းနှင့် အားကစားလူငယ်များ စားပေးသင့်ပါသည်။ အသဲ၊ကျောက်ကပ်၊ဒူးနာ၊ ခါးနားနှင့် ကိုယ်ခံအားကောင်းမွန်စေပြီး ဝမ်းလျှော၊ဝမ်းပျက်ခြင်းများကိုလည်း ကာကွယ်ပေးပါသည်။ ရုံးပတီသီးပင်သည် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ပိုမိုရရှိသဖြင့် အပင်ကိုပြုစုနိုင်လျှင် အသီးနှုန်းအားကောင်း၍ အကျိုးအမြတ် များရရှိနိုင်မည်ဖြစ်ပါသည်။ ယခုအခါ ရုံးပတီသီးစျေးနှုန်းမှာ တစ်တောင့်လျှင်(၁၀၀)ကျပ်ဖြင့် (၁၀)တောင့်လျှင် (၁၀၀၀)ကျပ်ရှိကြောင်း သိရှိရသည်။
source: https://www.doca.gov.mm