Local News

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တီလားဗီးယားငါး ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တီလားဗီးယားငါး ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စန်းပပက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက တီလားဗီး ယားငါး ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ တီလားဗီးယား ငါးပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် များသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဝါးခယ်မမြို့နယ်က ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေကို ဝယ်ယူမှုအားကောင်းနေပါတယ်။ ဒါကြောင့် ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ အခုငါးဝယ်ယူမှုအားကောင်းတာကြောင့် အချို့ငါးမွေးမြူသူတွေ ငါးအကောင်ရေ ထပ်တိုးမွေးမြူဖို့ လုပ်နေပါတယ်” ဟု ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စန်းပပက ပြောပြသည်။ ဝါးခယ်မမြို့နယ်တွင် မွေးမြူရေး တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများ ထွက်ရှိ၍ စနစ်တကျထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေပြီး အဆိုပါ ဒေသမှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သော တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News