ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးမုတ် ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြောင်းမြမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာမြင့်က ပြောပြသည်။ မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးမုတ်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါငါးမုတ်များကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူမှုကောင်းလာခြင်းကြောင့် တင်ပို့မှုကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ “ငါးမုတ်တွေက ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချမှုကောင်းလာခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကို ဒီဘက်က တင်ပို့ရောင်းချတဲ့ ငါးမုတ် တွေအဝယ်လိုက်လာလို့ တင်ပို့မှုကောင်းခဲ့တာပါ။ ဒေသပွဲရုံတွေဆီ ငါးမုတ်တွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီဝင်လာတဲ့ ငါးမုတ်တွေက လတ်ဆက်မှုရှိပါတယ်။ ကုန်တင်ပို့မှု ကောင်းလာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အဆင်ပြေနေတာတွေ့ရပါတယ်။ ဒီဘက်ဒေသထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို ပဲ အဓိက တင်ပို့ရောင်းချနေပါတယ်” ဟု မြောင်းမြမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာမြင့်က ပြောပြသည်။ မြောင်းမြမြို့နယ်မှ ငါးမုတ်များအပါအဝင် ဒေသထွက်ရေထွက်ကုန်များကို ရန်ကုန်ဈေး ကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ဒေါ်သူဇာမြင့်က ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ