Cambodia ဝန်ကြီးချုပ် Hun Manet က ဧပြီလ ၄ ရက်နေ့၌ အမေရိကန်အစိုးရ၏ Cambodia နိုင်ငံမှ ထုတ်ကုန်များအပေါ် အခွန် ၄၉ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် သတ်မှတ်ပြီး နောက်တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဧပြီလ ၂ ရက်နေ့တွင် Cambodia အပါအဝင် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများမှ ကုန်ပစ္စည်းများကို အပြန်အလှန် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ အမေရိကန်သည် Camobia နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှစ၍ ၄၉ ရာခိုင်းနှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန် သမ္မတ Donald Trump သို့ပေးပို့သော စာစောင်တွင် Hun Manet က Donald Trump အား Cambodia ထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် အကောင်အထည်ဖော်မှုကို ရွေ့ဆိုင်းပေးရန်အတွက် စေ့စပ်ညှိနှိုင်းတောင်းဆိုမှုပြုခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ယခုလက်ရှိ Cambodia နိုင်ငံရှိ အမြင့်ဆုံး အခွန်ကောက်ခံနှုန်းမှာ ၃၅ရာခိုင်နှုန်းသာ ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Hun Manet က Cambodia နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပိုမိုအဆင်ပြေစေရန်အတွက် အမေရိကန်အစိုးရနှင့် အပြုသဘောဆောင်သောဆွေးနွေးမှုများ ဆောင်ရွက်ရန် အပြည့်အဝ ကတိကဝတ်ပြုနေဆဲဖြစ်ပြီ ၎င်းလုပ်ဆောင်ချက်မှ တစ်ဆင့် နှစ်နိုင်ငံပြည်သူများက အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း ထပ်ဆောင်းပြောကြားခဲ့ပါသည်။
Source: Xinhua
Source: https://www.doca.gov.mm