Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၉၉၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၇၈) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၂၇၁) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၉၅.၆၈) တန်၊ တန်ဖိုး (၀.၀၇၃၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၈.၈) တန်၊ တန်ဖိုး (၀.၀၁၅၆) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၅၁.၈၂၀) တန်၊ တန်ဖိုး (၀.၀၉၉၂) ဒေါ်လာသန်း၊ သစ်တော ထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၂.၅) တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊ အခြားပစ္စည်းအနေဖြင့် ဆီအုန်းကြိတ်ဖတ် (၁၀၀.၀၁) တန်၊ တန်ဖိုး (၀၀၉၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၂၀) တန်၊ တန်ဖိုး (၀.၀၀၄၇) ဒေါ်လာသန်း ၊ ကော်စေ့ (၄) တန်၊ တန်ဖိုး (၀.၀၀၂၇) ဒေါ်လာသန်း၊ ကျောက်မှုန့်  (၄၄) တန်၊ တန်ဖိုး (၀.၀၀၃၅)  ဒေါ်လာသန်း၊ ဖိနပ် (၁၉၂၀၀) ရံ၊ တန်ဖိုး (၀.၀၀၂၂) ဒေါ်လာသန်း၊ ဘီစကစ်မှုန့် (၃.၉၉၁) တန်၊ တန်ဖိုး (၀.၀၁၄၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ(၁၀၅၀.၈၆၀) ဒေါ်လာနှုန်း၊ ပုစွန်(၁၄၉၅၀.၃၁၁) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၅၅.၇၃၄) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၀.၅၅၀) ဒေါ်လာနှုန်း၊ ငရုတ်သီး(၇၆၄)ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၅၄၁.၆၇) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၆) ဒေါ်လာနှုန်း၊ ဆီအုန်းကြိတ်ဖတ် (၈၈.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၃၅) ဒေါ်လာနှုန်း၊ ကော်စေ့ (၆၅၇) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၉.၅၄) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၂) ဒေါ်လာနှုန်း၊ ဘီစကစ်မှုန့် (၃၆၈၃.၃) ဒေါ်လာနှုန်းဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News