Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၆-၂-၂၀၂၄)မှ (၁၀-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၄၆၆.၅၀၀)တန်၊ တန်ဖိုး(၀.၂၅၀)ဒေါ်လာသန်း၊ ဆန်ကွဲ(၇၁၈.၅၀၀) တန်၊ တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ သခွားမွှေး(၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ နှမ်းဖြူ (၃၂.၅၀၀)တန်၊ တန်ဖိုး(၀.၀၄၉)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၃၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၂)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ဖရဲသီး (၇၄၂.၅၀၀)တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ကြံ(၁၄၄၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၈)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၉၁၂.၀၀၀)တန်၊ တန်ဖိုး (၁.၀၅၄)ဒေါ်လာသန်း၊ ပြောင်း (၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ကော်ဖီမစ် (၄၃.၈၀၀)တန်၊ တန်ဖိုး(၀.၀၅၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခ မှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၂၃၆.၃၀၀)တန်၊ တန်ဖိုး(၀.၁၇၃)ဒေါ်လာသန်း၊ ဂျပ်ဖာ (၇၀.၁၀၀)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၃၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၆)ဒေါ်လာသန်း၊ တစ်ရှူး(၇၃.၇၀၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ကုန်စုံ(၉၉၇.၈၀)တန်၊ (၁၄၅၆၆၈)U၊ (၁၉၇၉၅)PAIR၊ တန်ဖိုး (၁.၀၂၅) ဒေါ်လာသန်း၊ စက္ကူလိပ် (၈၃.၆၀၀)တန်၊ တန်ဖိုး(၀.၀၃၆)ဒေါ်လာသန်း၊ စတီးပိုက် (၁၅.၆၄)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ထွန်စက် (၁)U ၊တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံပိုက် (၁၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ဆေး(၃၈၈၆၃၀) U၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၂၅.၁၀၀)တန်၊ (၂၀၀)U၊ (၅၀၅၀၀)PAIR ၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပလပ်စတစ် (၂.၅၀၀) တန်၊ (၅၁၀၀)PAIR၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ (၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၅-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၁၀-၂-၂၀၂၄ ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News