Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ကင်းမွန်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဖျာပုံကနေ ရန်ကုန်ဈေးကွက်ကို ဇန်နဝါရီလက ကင်းမွန်ပိဿာချိန် ၇၅၀၀၀ လောက်ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဖေဖော်ဝါရီလထဲလဲ ကင်းမွန်တွေအဝင်များပြီး အရင်ကထက် ပိုမိုတင်ပို့နေရပါတယ်။ ရန်ကုန်ဘက်ကို ကုန်များများတင်ပို့ရောင်းချရပေမဲ့ ကင်းမွန်ဈေးက ငြိမ်နေပါတယ်။ ဖျာပုံမြို့နယ်ကနေထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။ အခုပြည်တွင်းဈေးကွက်ကနေ ကင်းမွန်တွေ အဝယ်လိုက်လာတယ်လို့ သိရပါတယ်” ဟု ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။

ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်ကဖမ်းဆီးရရှိသည့် ကင်းမွန်များကို စနစ်တကျစစ်ဆေးသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း ဒေါ်ကြူကြူက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News