Local News

စျေးကွက်ထဲသို့ ကုလားပဲများစွာ ဝင်ရောက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ကုလားပဲများပေါ်ထွက်လာပြီဖြစ်၍ ကုန်စည်ဒိုင်များတွင် ကုလားပဲ အမျိုးအစားစုံလင်စွာ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ကုလားပဲ အမျိုးအစားများမှာ ကုလားပဲ(V2)၊ ကုလားပဲ(V6)၊ ကုလားပဲ(HL)၊ ကုလားပဲ(929)စသဖြင့် အမျိုးအစားစုံလင်စွာ ရောင်းချကြသော်လည်း အဓိကအားဖြင့် ကုလားပဲဝါနှင့် ကုလားပဲဖြူ နှစ်မျိုးရှိပါသည်။ ကုလားပဲမှာ ပြည်တွင်းစားသုံးမှုများသည့်သီးနှံဖြစ်သည့်အတွက် ပဲခွဲစက်များနှင့် လှောင်လက်များမှ ဝယ်လိုအားရှိနေသည့်အပြင် ပြည်ပဝယ်လိုအားပါရှိသည့် သီးနှံလည်းဖြစ်ပါသည်။

ကုလားပဲများ စျေးကွက်ထဲသို့ နေရာဒေသအစုံမှ ဝင်ရောက်လာရာ မတ်လဆန်းပိုင်းတွင် အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လဒုတိယပတ်တွင် စျေးကွက်ထဲသို့ များစွာဝင်ရောက်လာသဖြင့် စျေးကျဆင်းလာသည်။ ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၆၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၆၈၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၄၀၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၅၆၀၀)အထိ စျေးရရှိခဲ့ပါသည်။

မတ်လဒုတိယပတ်တွင် ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၂၄၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၁၆၀၀)အထိ စျေးများကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News