Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၁၁-၂-၂၀၂၄ မှ ၁၂-၂-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန် ၁၃၁.၅၀၀ တန်၊ ဆန်ကွဲ ၃၉၇.၅၀၀ တန်၊ မြေထောက်ပဲ ၆၄.၆၁၄ တန်နှင့် ကြံ ၇၅.၀၀၀ တန်တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်ပစ္စည်းများ တစ်တန်ဈေးနှုန်းအနေဖြင့် ဆန် ၅၆၀ ဒေါ်လာ၊ ဆန်ကွဲ ၄၅၀ ဒေါ်လာ၊ ပြောင်း ၂၅၅ ဒေါ်လာ၊ ဖရဲသီး ၁၅၀ ဒေါ်လာ၊ တစ်သျှူးငှက်ပျော ၃၈၀ ဒေါ်လာနှင့် ပဲတီစိမ်း ၆၅၀ ဒေါ်လာရှိကြောင်း သိရှိရပါသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ ၃၁.၁၀ တန်၊ ကုန်စုံ ၁၄၉.၉၃ တန်၊၃၂၅၂၀ ခု၊ ၅၆၀၀ ရံနှင့် ပိုက်  ၁၂.၈၀၀ တန် တင်သွင်းနိုင်ခဲ့ပါသည်။ သွင်းကုန်ပစ္စည်းများ တစ်တန်ဈေးနှုန်းအနေဖြင့် စက္ကူလိပ် ၃၅၀ ဒေါ်လာ၊ ပီနံအိတ် ၈၀၀ ဒေါ်လာ၊ ပိတ်လိပ် ၅၇၀ ဒေါ်လာ၊ ဂျပ်ဖာ ၃၉၀ ဒေါ်လာနှင့် ချည်ခင် ၆၆၇ ဒေါ်လာရှိကြောင်း သိရှိရသည်။

 Source: DOT (လွယ်ဂျယ်)

Source: https://commerce.gov.mm

Category: Local News