Local News

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေ သောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ငါးပါကင်နှင့် ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးနီငယ် ၉၄.၈၉၀ တန်၊ ငါးပုလွေ ၇၀.၂၁၀ တန်၊ ပလာတူးခက် ၂၂၀.၄၀၀ တန်၊ ပလာလန်း ၂၅.၅၈၀ တန်၊ လိုင်းဝါ ၃၅.၉၆၀ တန်၊ ကင်းမွန် ၃၉.၈၇ တန်၊ ကင်းမွန်လိပ် ၁၀.၉၀၀ တန်၊ စက်ဟောက် ၁၃၉.၃၈ တန်၊ တာဝမ် ၇၀.၀၆ တန် နှင့် ပါကင် ၁၉၆.၅၀၀ တန်တို့ ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်ပစ္စည်းမှာ သံပေပါ ၁၁၀၀ လုံး၊ ဖိနပ် ၄၈၆၀ ရံ၊ ကွန်ပျူတာ အပိုပစ္စည်း ၄၆ ခု၊ ဓာတုပစ္စည်း ၁၅.၅၀၀ တန်၊ လူသုံးပစ္စည်း ၅.၆၁၇ တန်နှင့် ကျောက်ချဉ် ၃၅.၀၀ တန်တို့တင်သွင်းခဲ့သည်။ ပို့ကုန်ပစ္စည်းများ တစ်တန် ဈေးနှုန်းအနေဖြင့် ငါးနီငယ် ၈၀၃.၅၅ အမေရိကန်ဒေါ်လာ၊ ငါးပုလွေ ၁၁၀၂.၅၀ အမေရိကန်ဒေါ်လာ၊ ပလာတူးခက် ၈၁၀ အမေရိကန်ဒေါ်လာ၊ ပလာလန်း ၁၁၀၀ အမေရိကန်ဒေါ်လာ၊ လိုင်းဝါ ၉၀၀ အမေရိကန်ဒေါ်လာ၊ ၁၉၀၃.၄၇ အမေရိကန်ဒေါ်လာ၊ ကင်းမွန်လိပ် ၂၁၁၉.၂၈ အမေရိကန်ဒေါ်လာ၊ စက်ဟောက် ၇၅၃.၇၆ အမေရိကန်ဒေါ်လာ၊ တာဝမ် ၇၃၁.၀၂ အမေရိကန်ဒေါ်လာနှင့် ပါကင် ၄၅၀.၀၃ အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

သွင်းကုန်ပစ္စည်းများ ဈေးနှုန်းအနေဖြင့် သံပေပါ တစ်လုံးလျှင် ၃.၉၄၄ အမေရိကန် ဒေါ်လာ၊ ဖိနပ်တစ်ရံ စျေးနှုန်း ၀.၁၂၇ အမေရိကန်ဒေါ်လာ၊ ကွန်ပျူတာအပိုပစ္စည်းတစ်ခု ၈၉၆.၀၀၇ အမေရိကန်ဒေါ်လာ၊ ဓာတုပစ္စည်း တစ်တန် ၂၃၃.၂၆၈ အမေရိကန်ဒေါ်လာ၊ လူသုံးပစ္စည်းတစ်တန် ၅၁၂.၇၄၀ အမေရိကန်ဒေါ်လာနှင့် ကျောက်ချဉ်တစ်တန် ၁၆၀.၈၂၅ အမေရိကန် ဒေါ်လာတို့ဖြစ်ကြောင်းသိရှိရပါသည်။

Source: DOT (ကော့သောင်း)

Source: https://commerce.gov.mm

Category: Local News