Local News

နေကြာဆီ ဈေးနှုန်းဈေးကွက်

Last Updated:

မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် နေကြာဆီထွက်သီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၃၉၀၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧက လျှင်ပျမ်းမျှအထွက်နှုန်း(၂၀.၇၉)တင်းဖြင့် အထွက်တင်းပေါင်း(၂၈၉၁၁၉)တင်း ထွက်ရှိကြောင်း သိရှိရသည်။ မြင်းခြံခရိုင်တွင် နေကြာစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ပျိုးဧက(၁၂၀၃)၊ ရိတ်သိမ်းဧက(၁၂၀၃)ဧက၊ အထွက်နှုန်း (၁၈.၅၀)တင်း၊ အထွက်တင်းပေါင်း (၂၂၂၅၆)တင်း၊ တောင်သာမြို့နယ် စိုက်ပျိုးဧက (၃၁၀၅)၊ ဧကအားလုံးရိတ်သိမ်းပြီး အထွက်နှုန်း(၂၃.၄၅)တင်း၊ အထွက်တင်းပေါင်း(၇၂၈၁၂)တင်း၊ နွားထိုးကြီးမြို့နယ်စိုက်ပျိုးဧက(၉၅၉၇)၊ ရိတ်သိမ်းဧက(၉၅၉၇)၊ အထွက်နှုန်း(၂၀.၂၂)တင်းနှင့် အထွက်တင်းပေါင်း(၁၉၄၀၅၁)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် နေကြာဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၈၀၀၀/၁၈၅၀၀) ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Source: https://www.doca.gov.mm

Category: Local News